
နေရပ်လိပ်စာ လိုစာတွေအများကြီးရိုက်ရတဲ့စကားစုတွေကို အမြန်ပို့လို့ရတဲ့နည်းလမ်းလေးရှိပါတယ်။
ဒါကတော့ iPhone မှာပါတဲ့ Text Replacement ဆိုတဲ့ Feature လေးအသုံးပြုပြီးရိုက်ရတာပါ။
ဥပမာ " Address "လို့ရိုက်လိုက်တာနဲ့ ကိုယ့်လိပ်စာအပြည့်အစုံကိုရေးပေးတာမျိုးပါ။
ဘယ်လိုအသုံးပြုရမလဲဆိုတော့
Setting > General > Keyboard > Text Replacement ဆိုတာလေးကိုရွေးပါ။
ပြီးရင်အပေါ်ထောင့်နားမှာရှိတဲ့ + လေးကိုနှိပ်
Phrase နေရာမှာ ကိုယ်ရေးချင်တဲ့လိပ်စာကိုထည့်ပါ။
Shortcut နေရာမှာ ကိုယ့်သုံးချင်တဲ့ စကားတို ကိုထည့်ပါ။ ဥပမာ ( Address) လိုမျိုးစာလုံးမျိူးကိုပြောတာပါ။
ဒါဆိုကိုယ်ကစာရိုက်နေရင်း Address လို့ရေးတာနဲ့ကိုယ့်ရဲ့လိပ်စာကိုရေးပေးမှာဖြစ်တာကြောင့် စာတွေအများကြီးရိုက်စရာမလိုတော့ပါဘူး။ လိပ်စာမှမဟုတ်ပဲ အခြားစကားစုအရှည်တွေနေ့တိုင်းပို့ရတဲ့သူတွေအတွက် အရမ်းကိုအသုံးဝင်တဲ့ Feature ပဲဖြစ်ပါတယ်။
MacBook အတွက် Cover နဲ့ Bag လေးတွေဝယ်ချင်တယ်ဆိုရင် Ting Toung မှာကိုယ်ကြိုက်တဲ့ Colour နဲ့ Design လေးကို လာရောက်စုံစမ်းဝယ်ယူနိုင်ပါတယ်။
တဂ်:iOS
မှတ်ချက်တစ်ခုရေးပါ