212 0 comment

မနက်ကိုဘယ်လို Alarm မြည်မြည်မနိုးဘူးဆိုတဲ့သူတွေအတွက် ဒီ App လေးကအသုံးဝင်ပါလိမ့်မယ်။
App နာမည်က Alarmy တဲ့။ ပုံမှန်အတိုင်း Alarm ပေးပြီးရင်သူက Alarm ကိုပိတ်ဖို့ Mission တွေလုပ်ရပါတယ်။
ဥပမာ - Math Problem တွေတွက်ရတာမျိုးပါ။ အဖြေမှန်မှပဲ Alarm ပိတ်မှာဖြစ်ပါတယ်။ ဒါဆို တွက်လိုက်တာနဲ့ကိုယ်ကမျက်လုံးကျယ်သွားပြီမို့လို့အိပ်ယာကနေထနိုင်မှာဖြစ်ပါတယ်။
သူ့မှာအခြား Mission တွေကတော့ ထိုင်ထိလုပ်တာတွေ ၊ ညကဓာတ်ပုံရိုက်ထားတဲ့ပစ္စည်းတစ်ခုခုကိုပြန်သွားရိုက်ရတာမျိုးတွေပါပါတယ်။
ဖုန်းကိုစက်ပိတ်ပြီးပြန်အိပ်လိုက်မယ်ဆိုရင်တော့ ဘယ် Alarm မှကယ်နိုင်တော့မည်မဟုတ်ပါ
တဂ်:Alarmy ၊ အက်ပ်၊ နံနက်ခင်းလုပ်ရိုးလုပ်စဉ်၊ အိပ်ရေး၊ နည်းပညာ၊ မိုဘိုင်းအက်ပ်၊ ဘဝသိကောင်းစရာ၊ အိပ်ယာထ

မှတ်ချက်တစ်ခုရေးပါ