Main Menu
Quick Links

Place here any module, widget, design or HTML. for example menu, categories

Cart

သင့်စျေးဝယ်လှည်းသည် ဗလာဖြစ်နေသည်!

စုစုပေါင်း ခွဲ: Ks0
စုစုပေါင်း: Ks0
Ting Toung
TingToung
Airpod Covers

MacBook သုံးနေပြီဆိုရင် သတိထားသင့်တဲ့အချက်လေးတွေ

3 Jan 2025 308 0 comment
MacBook သုံးနေပြီဆိုရင် သတိထားသင့်တဲ့အချက်လေးတွေ

MacBook သုံးနေပြီဆိုရင် သတိထားသင့်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

၁။ Safari ကနေ Crack Version App တွေသုံးတာသတိထားသင့်ပါတယ်။ Data ယူတာမျိုးတွေ Mac ထဲ Virus ဝင်တာမျိုးတွေဖြစ်တတ်တာကြောင့် ဖြစ်နိုင်ရင်တော့ Offical App Store ကနေသုံးတာအကောင်းဆုံးပါပဲ။

၂။ Screen ပြန်ပိတ်တဲ့အခါ မလိုအပ်တဲ့ Adapter တွေ ၊ Mouse တွေ အကုန်ဖြုတ်ထားသင့်ပါတယ်။

၃။ Loading ဖြစ်နေတဲ့အချိန်မျိုးတွေ ၊ Mac မှာဟမ်းပြီးဘာမှလုပ်မရဖြစ်နေပြီဆို Screen ကိုပိတ်ချလိုက်တာမျိုးရှောင်ပါ။ ဟမ်းပြီးဘာမှလုပ်မရတော့ဘူးဆို Power Off လုပ်ပြီးပြန်ဖွင့်လို့ရပါတယ်။

၄။ Mac Storage က 256GB ဆိုရင် 250 GB လောက်ထိပဲ file တွေထည့်ထားသင့်ပါတယ်။ Storage အပြည့်နီးပါးဖြစ်လာပြီဆိုရင် ဟမ်းတာမျိုးတွေ App ဖွင့်မရတာမျိုးတွေအများကြီးကြုံရနိုင်ပါတယ်။

၅။ Battery ကြာကြာအသုံးချင်တယ်ဆိုရင် Keyboard အလင်းရောင်တွေပိတ်ထားတာမျိုးတွေ ၊ နောက်ကွယ်မှာမလိုအပ်တဲ့ App တွေ Run နေတာတွေပိတ်ထားတာမျိုးတွေလုပ်ထားပါ။ Macbook တွေမှာအားအပြည့်ရှိတယ်ဆို အားသွင်းကြိုးတန်းလန်းနဲ့သုံးတာမျိုးရှောင်ပါ။

ဒီ ၅ ချက်ကတော့ ကိုယ်သုံးနေရင်းသတိမထားမိပဲ ဖြစ်တတ်တဲ့အချက်လေးတွေဖြစ်တာကြောင့် Mac User တွေသတိထားသင့်ပါတယ်။

#tingtoung #MacBook 

 

မှတ်ချက်တစ်ခုရေးပါ

သတိပေးချက်- မှတ်ချက်စာသားသည် စာလုံးရေ 25 နှင့် 1000 ကြားရှိရမည်!
သတိပေးချက်- မှတ်ချက်အမည်သည် စာလုံး ၃ လုံးမှ ၂၅ လုံးကြားရှိရမည်!
သတိပေးချက်- မမှန်ကန်သော အီးမေးလ် ID!
Captcha
MacBook (18)
Fashion (6) iPhone (8)

Latest

Related Article