Main Menu
Quick Links

Place here any module, widget, design or HTML. for example menu, categories

Cart

သင့်စျေးဝယ်လှည်းသည် ဗလာဖြစ်နေသည်!

စုစုပေါင်း ခွဲ: Ks0
စုစုပေါင်း: Ks0
Ting Toung
TingToung
Airpod Covers

MacBook ဘက်ထရီကုန်သက်သာစေမယ့် လူသိနည်းသော နည်းလမ်း ၅ ခု

28 May 2025 111 0 comment
MacBook ဘက်ထရီကုန်သက်သာစေမယ့် လူသိနည်းသော နည်းလမ်း ၅ ခု

၁။ Safari နှင့် Chrome ရဲ့ "Page Prediction" feature ပိတ်ခြင်း
Browser တွေမှာ ပါဝင်တဲ့ preloading စနစ်က နောက်ခံမှာ စာမျက်နှာတွေကို ကြိုတင်ဖွင့်ထားပြီး ဘက်ထရီီပိုကုန်စေပါတယ်။ Safari Preferences > Search မှာ "Preload Top Hit" ကို ပိတ်ထားနိုင်ပါတယ်။

၂။ SMC (System Management Controller) ကို reset လုပ်ခြင်း
SMC က MacBook ရဲ့ စွမ်းအင်စီမံခန့်ခွဲမှုကို ထိန်းချုပ်ပါတယ်။ အပတ်တိုင်း reset လုပ်ခြင်းဖြင့် ဘက်ထရီသုံးစွဲမှုကို ပြန်လည်ညှိပေးနိုင်ပါတယ်။

MacBook ကိုပိတ်ပြီး Shift+Control+Option နဲ့ Power ခလုတ်ကို တစ်ပြိုင်နက် ၁၀ စက္ကန့်ဖိထားလိုက်ရင်ရပါပြီ။

၃။ Background App Refresh ပိတ်ခြင်း
တိုက်ရိုက်မသုံးနေသော်လည်း နောက်ခံမှာ အချက်အလက်သစ်တွေရယူနေတဲ့ Appတွေက ဘက်ထရီကုန်စေပါတယ်။ System Preferences > Extensions > Notifications အောက်မှာရှိတဲ့ Appတွေထဲမှာ မလိုတဲ့ Background တွေကို ပိတ်ထားပါ။

၄။ Dynamic Power Management feature ဖွင့်ခြင်း
Terminal ဖွင့်ပြီး `sudo pmset -a autopoweroff 1` ရိုက်ထည့်ပါ။ ဒီကုဒ်က ဘက်ထရီအတွက် အဆင့်
မြင့်စနစ်ကို ဖွင့်ပေးမှာဖြစ်ပြီး အလုပ်မလုပ်နေတဲ့ system components များကို အလိုအလျောက် ယာယီပိတ်ပေးမှာဖြစ်ပါတယ်။

၅။ Energy Heavy font smoothing ပိတ်ခြင်း
Mac Font Rendering က စွမ်းအင်သုံးစွဲမှု များစွာရှိပါတယ်။ Terminal ဖွင့်ပြီး `defaults -currentHost write -globalDomain AppleFontSmoothing -int 0` ရိုက်ထည့်ပါ။ ကွန်ပျူတာ restart လုပ်ပြီး စမ်းကြည့်နိုင်ပါတယ်။ ဒီနည်းလမ်းကတော့ဖွင့်လိုက်ရင် Smooth မဖြစ်တော့တာမျိုးတွေကြုံလာနိုင်ပါတယ်။

MacBook အတွက် Cover နဲ့ Bag လေးတွေဝယ်ချင်တယ်ဆိုရင် Ting Toung မှာကိုယ်ကြိုက်တဲ့ Colour နဲ့ Design လေးကို လာရောက်စုံစမ်းဝယ်ယူနိုင်ပါတယ်။

တဂ်:MacBook

မှတ်ချက်တစ်ခုရေးပါ

သတိပေးချက်- မှတ်ချက်စာသားသည် စာလုံးရေ 25 နှင့် 1000 ကြားရှိရမည်!
မှတ်ချက်ပေးရန် ကျေးဇူးပြု၍ ဝင်ရောက်ပါ သို့မဟုတ် မှတ်ပုံတင်ပါ။
Technology (14)
Fashion (6)

Latest