
MacBook မှာ Virus မရှိဘူးဆိုတာ တကယ်လား?
မဟုတ်ပါဘူး။ MacBook မှာလည်း Virus နဲ့ Malware တွေ ဝင်နိုင်ပါတယ်။ Mac မှာ Virus မဝင်ဘူးဆိုတာ လူအများကြားမှာ နားလည်မှုလွဲနေတဲ့ အယူအဆတစ်ခုပါ။
MacBook က Security System ကောင်းကောင်းပါဝင်ပေမယ့် 100% လုံခြုံတယ်လို့တော့ မဆိုနိုင်ပါဘူး။
MacBook မှာ Malware ဝင်နိုင်တဲ့ နည်းလမ်း (၄) ခုကတော့
1. Cracked Software — အခမဲ့သုံးချင်လို့ မသိတဲ့ Website ကနေ Crack App တွေ Download လုပ်ခြင်း။
2. Fake Download Button — Website တွေမှာ Download ခလုတ်အတုကို နှိပ်မိခြင်း။
3. Phishing — Apple Account, Password နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ခိုးယူဖို့ ဖန်တီးထားတဲ့ Link တွေကို ဝင်မိခြင်း။
4. Fake Update / Installer — Software Update လို့ထင်ရတဲ့ ဖိုင်အတုတွေကို Install လုပ်မိတာမျိုးတွေမှာဖြစ်နိုင်ပါတယ်။
ဒါဆို MacBook ကို ပိုလုံခြုံအောင် ဘယ်လိုလုပ်မလဲ?
* macOS နဲ့ App တွေကို Update ပုံမှန်လုပ်ပါ။
* ယုံကြည်ရတဲ့ Official Website သို့မဟုတ် App Store ကနေ App တွေ Download လုပ်ပါ။
* မသိတဲ့ App ကိုဖွင့်ဖို့ Security ကို ပိတ်ခိုင်းရင် သေချာမစစ်ဆေးဘဲ မပိတ်ပါနဲ့။
* ကိုယ်မသိတဲ့ Website တွေမှာ Password မထည့်ပါနဲ့။
* အရေးကြီးတဲ့ File တွေကို Time Machine သို့မဟုတ် အခြား Backup နည်းလမ်းနဲ့ သိမ်းထားပါ။
MacBook Cover နဲ့ Accessories တွေအတွက်လိုအပ်လာရင် Ting Toung မှာစုံစမ်းနိုင်ပါတယ်။
MacBook နဲ့ပတ်သက်တဲ့ Knowledge လေးတွေကို Ting Toung မှာအပတ်စဥ်အတိုင်းတင်ပေးသွားမှာဖြစ်ပါတယ်။

မှတ်ချက်တစ်ခုရေးပါ